#Local_News
Published_ 18 December 2022

 

မန္တလေးမြို့၊ချမ်းအေးသာဇံမြို့နယ်နေ မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဂီတစာဆိုမြို့မရွှန်းမြိုင်(ခေါ်) ဆရာကြီးဦးရွှန်းမြိုင်သည် ဒီဇင်ဘာလ(၁၈)ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ သိရသည်၊၊

 

ဆရာကြီးဦးရွှန်းမြိုင်ကွယ်လွန်ချိန်တွင် အသက်(၇၉) နှစ်ရှိပြီဖြစ်ပြီး ဆရာကြီးကွယ်လွန်သွားသည့်အတွက် မိသားစုနှင့်အတူ ဝမ်းနည်းရကြောင်း မြို့မငြိမ်းတူရိယာများအသင်း-မန္တလေးမှ ထုတ်ပြန်ထားသည်၊၊

ဆရာကြီးကို ဒီဇင်ဘာလ(၂၀)ရက်တွင် အေးရိပ်ငြိမ်သုဿန်တွင် သဂြိုဟ်သွားရန်ရှိကြောင်း သိရသည်၊၊

 

မြို့မငြိမ်း(ဦးညိန်း)၏သားဖြစ်သူ ဆရာကြီးဦးရွှန်းမြိုင်သည် ဂီတတေးသီချင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး ဖခင်ဖြစ်သူ မြို့မငြိမ်း၏သီချင်းများကိုစုစည်း၍ မြို့မငြိမ်းမြန်မာသီချင်းများ အမှတ်စဥ်(၁)စာအုပ်နှင့်မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့် သံစုံတီးဝိုင်းစာအုပ်ကို ထုတ်ဝေခဲ့သည်၊၊

 

မြို့မငြိမ်းမြန်မာသီချင်းများအမှတ်(၁)စာအုပ်ကို မြို့မငြိမ်း(၁၀၅) နှစ်ပြည့်အဖြစ်အမှတ်တရအဖြစ် ထုတ်ဝေခြင်းဖြစ်ပြီး မြို့မငြိမ်းရေးသားခဲ့သည့်တေးသီချင်းများအကြောင်း ပြုစုရေးသားထားခြင်းဖြစ်ကြောင်းနှင့် မြန်မာ့မဟာဂီတသီချင်းများ စန္ဒရားနှင့်သံစုံတီးဝိုင်းစာအုပ်တွင် မဟာဂီတသီချင်းများ၏စန္ဒယားလက်ကွက်များကို ပြုစုထားခြင်းဖြစ်ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group