#LocalNews
Published - 21 May 2022

 

ဧရာဝတီတိုင်းဒေသကြီး၊လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့တွင် မြိုနယ်တရားရုံး အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မေ(၂၁)ရက် နံနက်ပိုင်းအချိန်က မော်လမြိုင်ကျွန်းမြို့၊ အသောကလမ်းရှိ အဆိုပါနေရာ၌ကျင်းပခဲ့ပါတယ်။

ထိုအဆောက်အဦးသစ်ဖွင့်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်တရားရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

 

ထို့နောက် ကမ္ပည်းမော်ကွန်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြပြီး၊ အစီအစဉ်အရ အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ဧရာဝတီသား(ဟေ့) ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးမင်းမင်းက အဆောက်အဦးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦးနှင့် ပတ်သက်သည့်စာရွက်စာတမ်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ယနေ့ ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံး၏ ပင်မအဆောက်အဦးသစ်မှာ အလျား (၁၁၇)ပေ၊ အနံ (၄၆)ပေ၊ အကျယ်အဝန်းရှိသည့်သံကူကွန်ကရစ်အမျိုးအစားနှစ်ထပ်အဆောက်အဦးဖြစ်ပြီး တရားရုံးတွင် အသုံးပြုသူများအနေဖြင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိတယ်လို့ သတင်းရရှိပါတယ်။

 

ymg/kg
#Yangon_Media_Group