#Local_News
Published 10 march 2022

 

ရွှေဘဏ်ရဲ့ (၇)ခုမြောက်ဘဏ်ခွဲဖြစ်တဲ့ နေပြည်တော်ဘဏ်ခွဲကို ဇမ္ဗူသီရိမြို့နယ် သပြေကုန်းပွဲရုံတန်းမှာ မတ်လ(၉)ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။

 

ရွှေဘဏ်ရဲ့ နေပြည်တော်ဘဏ်ခွဲ ဖွင့်လှစ်ပွဲကိုတော့ Chief Executive Officer Mr. Moo Sun နဲ့ Chief Operating Officer ဦးကျော်သက်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေဘဏ်ရုံးချုပ်ကတာ၀န်ရှိသူတွေ၊ နေပြည်တော်ဘဏ်ခွဲက တာ၀န်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

 

ရွှေဘဏ်(ကျေးလက်နှင့်မြို့ပြဖွံဖြိုးရေးဘဏ်)အနေနဲ့ ရုံးချုပ်နှင့် ရုံးချုပ်ဘဏ်ခွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်မှာ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာပါ။

 

လက်ရှိမှာတော့ ရုံးချုပ်နဲ့ နေပြည်တော်ဘဏ်ခွဲ အပါအ၀င် ဘုရင့်နောင်ဘဏ်ခွဲ၊ မန္တလေးဘဏ်ခွဲ၊ ရာဇဓိရာဇ်ဘဏ်ခွဲ၊ ရွှေဂုဏ်သူဘဏ်ခွဲနဲ့ မော်လမြိုင်ဘဏ်ခွဲ စုစုပေါင်း ဘဏ်ခွဲ(၇)ခု ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

 

#Yangon_Media_Group