၂၅ ဇူလိုင် ၂၀၂၄

ထိုင်းနိုင်ငံ ဆမွန်ပရာကန်ပြည်နယ် ဘန်ဘိုခရိုင်ရှိ ကလောင်ဒန်မှာ ဇူလိုင်၂၄ရက်ညက အရက်မူးနေတဲ့သူတစ်ဦးက ဓားနှင့် တိုက်ခိုက်တဲ့အတွက်  မြန်မာအမျိုးသမီးတစ်ဦးသေဆုံးပြီး သူ့ခင်ပွန်းလည်းဒဏ်ရာရရှိသွားတယ်လို့ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

သေဆုံးသူမှာ အသက် ၅၁နှစ်အရွယ် မြန်မာအမျိုးသမီး မီမီအေးဆိုသူဖြစ်ပြီး သူမဟာ တစ်ထပ်အဆောက်အဦက ငှားထားတဲ့ အခန်းရဲ့ရှေ့ လမးပေါ်မှာ လဲကျသေဆုံးနေတာတွေ့ရတယ်လို့ ရဲမှူး ပွန်ချိုင်း ကွမ်ကန်တော့ဒ်က ပြောပါတယ်။

သူမဟာ နှလုံးအပါအဝင် ခန္ဓာကိုယ်အနှံ့မှာ ဓားထိုးဒဏ်ရာ အချက်ပေါင်းများစွာရရှိထားပါတယ်။ သူမဟာ အခင်းဖြစ်ပွားနေရာ မှာပဲ သေဆုံးခဲ့တာဖြစ်ပါတယ်။

သူမရဲ့ခင်ပွန်း အသက် ၃၈ နှစ်အရွယ် ဇင်ပန်ဟာလည်း တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာတွေရရှိခဲ့ကာ ဘန်ဘိုဆေးရုံသို့ အရေးပေါ်ကုသခံရန် ပို့ဆောင်လိုက်ရပါတယ်။

အိမ်နီးချင်းတစ်ဦးဖြစ်တဲ့ “ဝင်း” ဆိုတဲ့ မြန်မာတစ်ဦးအပြောအရ အခန်းနံပါ(၉)မှာ ပြစ်မှူကျူးလွန်တဲ့ အသက်၂၉နှစ်အရွယ် ရာဇာကွန်ဟာ သူ့မိန်းမနှင့် အကြီးအကျယ်အော်ဟစ်ရန်ဖြစ်နေကြတာကို အခန်းနံပါတ်(၁)က မီမီအေးနှင့်ဇင်ပန်တို့က  အသံလျှော့ပြောကြဖို့ သွားပြောခဲ့တယ်လို့ဆိုပါတယ်။

အဲသလိုလာပြောတာကိုမကျေနပ်လို့ ပြစ်မှုကျူးလွန်ခဲ့တဲ့သူက အပြင်မှာအရက်သောက်နေကြတဲ့ သူ့သူငယ်ချင်းတွေကို လူသွားစုဖို့ ထွက်သွားခဲ့ပါတယ်။ အဲဒီနောက် အခန်း(၁)ကိုပြန်လာကာ ဇင်ပန်ကို ကိုယ်ထိလက်ရောက်စတင်တိုက်ခိုက်ခဲ့ ပါတယ်။ အဲဒီအခါ ဇနီးဖြစ်တဲ့ မီမီအေးက ရပ်တန့်သွားအောင်ကြိုးစားခုခံစဉ် ဓားနဲ့ အချက်ပေါင်းများစွာ အထိုးခံရတာဖြစ် ပါတယ်။

အသက် ၃၈နှစ်အရွယ်အိမ်နီးချင်းမြန်မာတစ်ဦးဖြစ်တဲ့ “စိုင်း”က သူဟာ လမ်းပေါ်မှာ မီမီအေးသွေးတွေအများအပြာနှင့်လဲကျ နေပြီး သူဘေးမှာ ဇင်ပန်က ထိုင်လျက်တွေ့ရလို့ ရဲကိုဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်လို့သိရပါတယ်။

ပြစ်မှုကျူးလွန်သူဟာ ဇနီးဖြစ်သူနှင့် နှမဖြစ်သူတို့နှင့် အတူနေထိုင်ပြီး အဲဒီနှစ်ယောက်ကတော့ အမှုမှာမပတ်သက်ကြ ပါဘူး။

@ymg/knl