#Local_News
Published_ 22 June 2024

▪️ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ ၊ဝေဘူချောင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန၊နာယကဆရာတော်၊ ကျေးဇူးတော်ရှင် တတိယဝေဘူဆရာတော်ကြီးဘဒ္ဒန္တဉာဏိန္ဒော ဇွန်လ(၂၂)ရက်မနက်ပိုင်း၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။

 

▪️ ဘဝနတ်ထံစံမြန်းချိန်တွင် သက်‌တော်(၈၁)နှစ်ဝါတော်(၆၁)ရှိပြီဖြစ်ပြီး မနက်ဖြန်ဇွန်လ(၂၃)ရက်တွင် ဝေဘူချောင်ကျောင်းတိုက်၊ရေခဲဓမ္မာရုံ၌ ဈာပနပွဲ ကျင်းပနိုင်ရေးအတွက် အစည်းအဝေးပြုလုပ်မည်ဖြစ်သည်ဟုဆိုသည်။  

 

▪️ ဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်အတွက်အနယ်နယ်အရပ်ရပ်မှ သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယကာမ  အပေါင်းတို့မှ ဝမ်းနည်းကြေကွဲပြီး နှမြောတသဖြစ်ရကြောင်း ဖော်ပြထားသည်။

 

▪️ "နှစ်စဉ်ကထိန်ခင်းခွင့်ပြုခဲ့ပါသောလှူဒါန်းခွင့်ပေးခဲ့ပါသောကျေးဇူးရှင်ဝေဘူဆရာတော်ဘုရားကြီးအားရိုသေစွာကန်တော့အပ်ပါသည်"ဟု နေပြည်တော်ပျဉ်းမနား ဦးသာရဒေါ်စန်းရီ စိန်ရွှေရတနာရောင်းဝယ်ရေး မိသားစုမှလည်း ‌‌ရေးသား‌ဖော်ပြထားကြောင်း သိရသည်။

 

▪️ ပထမဝေဘူဆရာတော်ဘုရားကြီးသည် မေတ္တာစွမ်းအားကြီးမားခဲ့ပြီး ဆရာတော်ကြီး၏ ဝိပဿနာ တရားတော်များသည် နိုင်ငံကျော်သာမကကမ္ဘာအထိပါပျံ့နှံ့ကျော်ကြားခဲ့သောဆရာတော်ကြီး ဖြစ်ကြောင်းနှင့် ယခု ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့်တတိယ ဝေဘူဆရာတော်ကြီးသည်လည်း သီလဂုဏ်သတင်းကျော်ကြားခဲ့သော သက်တော်ရှည် ဆရာတော်ဘုရားကြီးဖြစ်ကြောင်း သိရသည်။

 

#tthl #Yangon_Times