#Local_News
Published_ 27 May 2024


▪️ မိုးသည်းထန်ချိန် အင်းလျားကန်နှင့် ကန်တော်ကြီးတို့ကိုရေကြီးရေလျှံမဖြစ်အောင် ထိန်းညှိဆောင် ရွက်နေသလို ရန်ကုန်တိုင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရန်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

 

▪️ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် အင်းလျားကန်ရေပိုလွှဲနှင့်မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီး‌ရေပိုလွှဲ များတွင်ကန်ရေမျက်နှာပြင်တိုင်းတာထားရှိမှု၊ရေကန်များ၏ ရေတံခါးများနှင့် ရေထွက်‌ပေါက်များ၏အခြေ အနေ တို့ကို ကြည့်ရှုစစ်ဆေးပြီးမိုးသည်းထန်စွာရွာသွန်းချိန်ရေးကြီးရေလျှံမှုမဖြစ်စေရေးအတွက်ကန်ရေထိန်းသိမ်းရန်၊ရေဖောက်ထုတ်ရန်နှင့် ထိန်းညှိရန်လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်ဟုဆိုသည်။

 

▪️ မိုးသည်းထန်စွာရွာသွန်းချိန်ရေကြီးရေလျှံမှုမဖြစ်စေရေး အင်းလျားကန်နှင့် ကန်တော်ကြီးတို့၏ရေပမာဏထိန်းညှိဆောင်ရွက်နေမှုအပြင် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊အထက်ပန်းဆိုးလမ်းရေမြောင်းရေစီးရေလာအခြေအနေနှင့်ဒဂုံမြို့နယ်၊ ပြည်လမ်းရှိပြည်သူ့ဥယျာဉ် အတွင်းပန်းဥယျာဉ် နှင့်အားကစားကွင်းများဌာနက Poulownia အပင်များပြုစုစိုက်ပျိုးထားရှိမှု တို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

 

▪️ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်၊ပျဉ်းမပင်ကျေးရွာအုပ်စု၊ ပြည်လမ်းရှိ လှော်ကားရေဝေရေလဲဒေသသို့သွားရောက်၍ ပန်းဥယျာဉ်နှင့်အား ကစားကွင်းများဌာန မှယခုနှစ်မိုးရာသီတွင်သစ်ပင်များစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှု ကိုကြည့်ရှုစစ်ဆေးသည်။

 

▪️ မြို့တော်ဝန်က သစ်ပင်များစိုက်ပျိုးရာ တွင်စနစ်တကျဖြင့် ညီညီညာညာစိုက်ပျိုး နိုင်ရေးကြိုတင်ဆောင်ရွက်ထားရန်နှင့် လျှပ်စစ်တာဝါတိုင်များနှင့်လွတ်ကင်းမှုရှိအောင် စီစဉ်ရန်မှာကြားပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့်ရန်ကုန်တိုင်းဒေသကြီး၌ ယခုနှစ်မိုးရာသီတွင် ကျွန်း၊ပျဉ်ကတိုးနှင့်မဟောဂနီ စသည့်သစ်ပင်စုစုပေါင်း ၅၄၀၀၀ စိုက်ပျိုးရန်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

#tthl #Yangon_Times