#Local_News
Published 27 April 2024


▪️ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းရေဆင်းချိုးရာမှ အမျိုးသားလေးဦး ရေနစ်​ေ-သဆုံးမှု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံ မှ သိရသည်။

 

▪️ ဧပြီ ၂၇ ရက် မနက် ၉နာရီခွဲ အချိန်ခန့်က ကြံခင်းမြို့နယ်၊ အကောက်တောင်ခြေ၊ သောကြာဒူးကျေးရွာအနီး ဧရာဝတီမြစ်အတွင်းသို့ အမျိုးသား(၅)ဦးရေဆင်းကူးရာမှ အမျိုးသား လေးဦးရေနစ်မှု ​ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ရေနစ်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ကြံခင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေတောင်ပရဟိတလူမှုကူညီရေးအသင်းဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရသည်။

 

▪️ ရေနစ်သေဆုံးသူ အမျိုးသား(၄)ဦးအား ရွှေဆိပ်သာလူမှုကူညီရေးအသင်းနှင့် မေတ္တာမွန်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် အင်ပင်မြို့တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

 

#YMG/LW #Yangon_Times