Published_ 02 April 2024

ယခု၂၀၂၄ ခုနှစ်၊ မြန်မာရိုးရာမဟာသင်္ကြန် နေပြည်တော်သင်္ကြန်ပွဲ၌ ရုရှားနိုင်ငံအပါအဝင် နိုင်ငံသုံးနိုင်ငံမှ  အနုပညာရှင်များ ပါဝင် ဖျော်ဖြေမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

တောင်ကိုရီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့မှ အနုပညာရှင်များ ပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။

  အဆိုပါ နေပြည်တော်မဟာသင်္ကြန်ပွဲတော်၏ ဖျော်ဖြေရေးအစီအစဉ်များတွင်  ရုရှားနိုင်ငံ လူငယ်အနုပညာအဖွဲ့ Tavrida-Art မှ ပင်တိုင်အမျိုးသမီးတေးသံရှင် Nika Dubik ဦးဆောင်ပါဝင်သော အနုပညာရှင်များ၊  တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှပူးပေါင်းကာ ရုရှားနိုင်ငံသံရုံးနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းတို့မှရေကစား မဏ္ဍပ်များဖွင့်လှစ်ပြီး ပါဝင်ဖျော်ဖြေသွားမည်  ဖြစ်ကြောင်းသိရသည်။

ထို့အပြင် တောင်ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များနှင့် နာမည်ကြီးအနုပညာရှင်များ လာရောက်ဆင်နွှဲမည်ဖြစ်သကဲ့သို့နေပြည်တော်မဟာသင်္ကြန်ပွဲတော်တွင် နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ် နှစ်ခုစလုံးတွင် ပြည်သူများနှင့်အတူ ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် အနုပညာရှင်များကိုပါ ဖိတ်ကြားထားပြီးဖြစ်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group