#Local_News
Published -1 April 2024

ရန်ကုန်စတော့အိတ်ချိန်း၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ ရှယ်ယာစုစုပေါင်း ၄  သန်း‌ကျော်နှင့်  တန်ဖိုးငွေကျပ် ၁၁  ဘီလီယံ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှသိရသည်။

 

ထို့သို့အ‌ရောင်းအဝယ်ဖြစ်ရာတွင်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စာရင်းဝင် ကုမ္ပဏီရှစ်ခု၏ ရှယ်ယာစုစုပေါင်း ၄ ဒသမ ၄၉၈ သန်း၊ တန်ဖိုးငွေကျပ် ၁၁ ဒသမ ၇၄၁ ဘီလီယံ အရောင်းအဝယ် ဖြစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီများ၏ ရှယ်ယာများအား နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူဦးရေ ၄၆၁၉၁ ဦး ရှိကြောင်းသိရသည်။

 

၎င်းအပြင် ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ငွေကျပ် ၆၇၇ ဒသမ ၁၀၉ ဘီလီယံရှိရာ မကြာမီကာလတွင် ဒုတိယဈေးကွက် (Pre Listing Board) ၌ မှတ်ပုံတင်ကုမ္ပဏီများ ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။

 

#စာရင်းဝင်ကုမ္ပဏီရှစ်ခု၏ရှယ်ယာ #၁၁ ဘီလီယံကျော်အရောင်းအဝယ်ဖြစ် #YMG/ NN #Yangon-Times