#Local_News
Published 1 April 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်း ကျပ်သိန်း ပေါင်းလေးသိန်းကျော်  နှင့် ကန် ဒေါ်လာ ၄  သန်းကျော်ပမာဏရှိသည့် ဟိုတယ်လုပ်ငန်းများအားခွင့်ပြုပေးထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၁/၂ဝ၂၄) ကြိမ်မြောက် အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီသည် ဟိုတယ်လုပ်ငန်းလိုင်စင်လေးခု၊ ဟိုတယ်တည်ဆောက်ခွင့်တစ်ခု၊ စုစုပေါင်းအခန်း (၄၅၂) ခန်းတို့ကို အတည်ပြုပေးခဲ့ပြီး ဟိုတယ်လုပ်ငန်းအတွက်ခွင့်ပြုမတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းမှာ ကျပ်သိန်း (၂၀၇, ၄၂၅ ဒသမ ၃၉) နှင့် အမေရိကန် ဒေါ်လာ (၄ ဒသမ ၆၃၀) သန်းဖြစ်ကြောင်း သိရသည်။

 

ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင် (ပြည်တွင်း/ ပြည်ပ) (၆၄)ခု၊ ခရီးလှည့်လည်ရေးလုပ် ငန်းလိုင်စင်(ပြည်ပ)(၄၂)ခု၊ ဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင် (၂၁)ခုနှင့် ပြည်တွင်းဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်း အသိအမှတ်ပြုလက်မှတ်(၂၂) ခုတို့ကို အတည်ပြုပေးခဲ့ရာ အတည်ပြုပေးခဲ့သော လုပ်ငန်း လိုင်စင်အားလုံးသည်ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် ဟိုတယ်လုပ်ငန်း တွင်(၁၃၉) ဦး၊ ခရီးလှည့်လည် ရေးလုပ်ငန်းတွင်(၂၉၈)ဦး၊စုစု ပေါင်း(၄၃၇)ဦးအတွက်အလုပ် အကိုင် အခွင့်လမ်းများ ဖန်တီး ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် (၂/၂၀၂၃) တွင်ဘဏ်လုပ်ငန်းလိုင်စင် ခြောက်ခု၊ ဟိုတယ်တည် ဆောက် ခွင့် တစ်ခု ၊ တည်းခိုရိပ်သာလုပ် ငန်းလိုင်စင် နှစ်ခု၊ တည်းခိုရိပ်သာ တည်ဆောက်ခွင့်တစ်ခု စုစုပေါင်း အခန်း (၄၇၄) ခန်းတို့ ကို အတည်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဖြစ်သော ဟိုတယ်လုပ်ငန်းအတွက် ခွင့်ပြု မတည်ငွေနှင့် ရင်းနှီးငွေပမာဏ စုစုပေါင်းကျပ်သိန်း (၂၃၁,၁၁၀) ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း(၁၈၉)ဦးသာ ခွင့်ပြုပေးနိုင်ခဲ့သဖြင့် (၁/၂၀၂၄) ကြိမ်မြောက်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွင် ပိုမိုခွင့်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #ဟိုတယ်လုပ်ငန်းများအားခွင့်ပြု #ရင်းနှီးငွေပမာဏ #YMG/ NN #Yangon-Times