#Local_News
Published 18 March 2024


မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ 65 လမ်း 31 လမ်းရှိ ဘုန်းကြီးကျောင်းတွင်မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပရဟိတ အသင်းများထံက သိရသည်။

 

မတ်လ ၁၈ ရက်နေ့လည် ၂နာရီ ၁၅မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကာ level 1 ယာဉ်အုပ်စုများ ထွက်ခွာငြိမ်းသတ်ခဲ့သောကြောင့် ၂နာရီ ၄၀မိနစ် ခန့်က မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

မီးလောင်သည့် ဖြစ်စဉ်နှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

#Local_News #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times