Published_ 7 March 2024

ရန်ကုန်လူမိုက် ကိုကျော်ဝင်းစိန် ဆိုသူကို  Tတ်ဖြတ်ခဲ့သည့် တရားခံ (၉) ဦးကို စစ်ကိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။

တရားခံများဖြစ်သည့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် ရဲမျိုးသိန်း (ခ) ငမျိုး၊ ဧရာဝတီတိုင်း၊ မအူပင်မြို့တွင်နေထိုင်သည့် အောင်ကျော်ကြား (ခ) ကျော်ကြီး၊ လှိုင်သာယာမြို့နယ်နေ၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊ ကျိုက်လတ်မြို့နယ်နေ အောင်မြတ်မင်း (ခ) အောင်ကြီး၊ ထန်းတပင်မြို့နယ်နေ ဥက္ကာ၊ လှိုင်သာယာမြို့နယ်နေ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကြည့်မြင်တိုင်မြို့နယ်နေ ကျော်ဆန်းလင်း (ခ) သံမဏိ၊ ကော့မှူးမြို့နယ်နေ မျိုးမင်းနိုင် (ခ) အရှည်ကြီးနှင့် ကြည့်မြင်တိုင်မြို့နယ်နေ ဇော်မင်းဦး (ခ) တွတ်ပီ ဆိုသူတို့ (၉) ဦးကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။

ရန်ကုန်မြို့နာမည်ကြီး အင်းစိန်ကမ်းနားက လူမိုက်ကျော်ဝင်းစိန် ကို ဒီဇင်ဘာ ၈ ရက်နေ့ က ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှာ နယ်မြေကျူးကျော်လာသဖြင့်ကြည့်မြင်တိုင်နယ်မြေခံ လူမိုက်များမှ ဓားဖြင့်ထိုး၍ သတ်ခဲ့ကြောင်း သတင်းများထွက်‌ပေါ်ခဲ့ပြီး ယခုအခါ တရားခံ (၉)ဦးကို စ စ်ကိုင်းမြို့တွင်ဖမ်းဆီးရမိသည်ဟု ရဲတပ်ဖွဲ့မှ ထုတ်ပြန်ဖော်ပြထားကြောင်းသိရသည်။
Yangon Times/tthl
#Local_News
#Published_ 7 March 2024
#YMG_News #Yangon_Times #Yangon_Media_Group