Published_ 5 March 2024

ရှမ်းပြည်နယ်အတွင်းရှိ မန်တုံ၊ နမ့်ဆန်နှင့်နမ္မတူ မြို့နယ် (၃) မြို့နယ်တို့ကို  မတ်လ (၄) ရက်တွင် စစ်အုပ်ချုပ်ရေး (Martial Law)အဖြစ် နစကမှထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာချုပ်၏တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ ရှမ်းပြည်နယ်အတွင်းရှိမန်တုံ၊ နမ့်ဆန်နှင့်နမ္မတူ မြို့နယ် (၃) မြို့နယ်တို့ကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉အရ အပ်နှင်းလိုက်သည်ဟု နစက၏ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

တိုင်းမှူးသည် အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်‌ ပြောင်းလဲလာသည့်အခြေအနေအရပ်ရပ်အပေါ်မူတည်ပြီး မိမိကိုယ်တိုင်သော်လည်းကောင်း၊စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး (Martial Law)အာဏာကိုကျင့်သုံးနိုင်သည်ဟု ဖော်ပြပါရှိသည်။

၂၀၂၄ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့နယ်နဲ့မဘိမ်း မြို့နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး (Martial Law)အာဏာကျင့်သုံးရန်ထုတ်ပြန်ခဲ့ပြီး မတ်လ(၄)ရက်အထိ မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်း ၆၁ မြို့နယ်တွင်  စစ်အုပ်ချုပ်ရေး ကြေညာထားကြောင်း အချက်အလက်ဆိုင်ရာစုဆောင်းဖော်ပြသည့်Page၌ ဖော်ပြထား‌ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 5 March 2024
#YMG_News #Yangon_Times #Yangon_Media_Group