#Local_News
Published-4 March 2024


၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းဖြစ်သည့်  ဇန်နဝါရီလမှ မတ်လ၄ရက် အထိကာလအတွင်းကားမီးလောင်မှု ၁၁ ကြိမ်အထိဖြစ်ပွားခဲ့ ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။  

 

အဆိုပါကားမီးလောင်မှုများတွင် ရန်ကုန်တိုင်း၌ အများဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်ပြည်နယ်နှင့်အမြန်လမ်း၌ တစ်ကြိမ်စီဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါကားမီးလောင်မှုများအပါအဝင်  နှစ်လကျော်ကာအတွင်း တစ်နိုင်ငံလုံး၌ မီးလောင်မှု ၂၆၀ကျော် ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

 

ထို မီးလောင်မှုများတွင် ရန်ကုန်မြို့ ထိန်ပင် အမှိုက်ပုံနှင့် ပဲခူးမြို့ ဆင်ဖြူကွင်း အမှိုက်ပုံတို့တွင်လည်း  မီးလောင်မှု  များလည်း ပါဝင်ပြီး  စက်တပ်လှေနှစ်စီးအပါအဝင် ဆီတင်သ‌င်္ဘောတစ်စီးလည်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုများတွင် ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဧရာဝတီ ၊ မကွေး၊ စစ်ကိုင်း ၊ ရှမ်း၊ ကချင် ၊ မွန်၊ တနင်္သာရီ၊ ရခိုင်စသည့် ပြည်နယ်နှင့်တိုင်းတို့တွင် အဖြစ်များခဲ့ပြီး ကျန်ဒေသများတွင်လည်း မီးလောင်ကျွမ်းမှုအနည်းငယ်စီဖြစ်ပွားခဲ့ကြောင်း  သိရသည်။

 

ထို့အပြင် မီးလောင်ကျွမ်းမှုများအနက် တောမီး၊ ကိုင်းမီး၊ မြက်ခြောက်မီးနှင့် အမှိုက်ပုံများမှတဆင့်မီးလောင်မှုများလည်းပါဝင်ကြောင်း သိရသည်။

 

#Local_News #ကားမီးလောင်မှု ၁၁ကြိမ် #YMG/NN #Yangon-Times