#Local_News
Publicshed 27 February 2024

နေပြည်တော် အပါအဝင်တိုင်းသုံးခုမှ ဆာဖာရီဥယျာဉ်၊ နက္ခတ်တာရာ ပြခန်းများအပြင် တိရိစ္ဆာန်ဥယျာဉ်များအား ပုဂ္ဂလိကသို့ ၁၀နှစ်ငှားရမ်းသွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

တိရစ္ဆာန်ဥယျာဉ်များဌာနရှိ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်)၊ ဆာဖာရီဥယျာဉ်(နေပြည်တော်)၊ နက္ခတာရာပြခန်း(နေပြည်တော်)၊တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှင့် တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တို့၏ လုပ်ငန်းများအား (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်မှစ၍ အတွဲလိုက် Package စနစ်ဖြင့် (၁၀)နှစ် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်ရှည်ငှားရမ်းခြင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် အစိုးရအသိအမှတ်ပြု ကုမ္ပဏီများမှငှားရမ်းမှုအား မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါစျေးနှုန်းတင်သွင်းရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

 

အဆိုပါ လေလံတင်ဒါ လျှောက်လွှာကို မတ်လ ၃ ရက် တွင် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်ကြောင်း၊ တင်ဒါ ရွေးချယ်မှုကို မတ်လ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး  လေလံတင်ဒါလျှောက်လွှာကို နေပြည်တော် သစ်တောဦးစီဌာန တိရစ္ဆာန်ဥယျာဉ်များဌာန ရုံး အမှတ် ၃၉ တွင် လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။ ယင်းနေရာများကို သစ်တော ဦးစီးဌာနက ထူးကုမ္ပဏီသို့ ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၂၁ ခုနှစ် မတ်လအ ထိ (၁၀) နှစ် စာချုပ်ချုပ်ဆိုကာ ငှားရမ်း ထားခြင်း ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် နိုင်ငံရေးအခြေအနေများကြောင့် လေလံထပ်မံမဖွင့် လှစ်ဖြစ်ဘဲ ၂၀၂၃ခုနှစ်မှ သာ လေလံပြန်လည်ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

 

#Local_News #ဆာဖာရီဥယျာဉ် #နက္ခတ်တာရာပြခန်း #ပုဂ္ဂလိကသို့၁၀နှစ်ငှားရမ်းမည်  #YMG/NN #Yangon_Times