#Local_News
Published 18 February 2024


 မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ကျွဲနဖားအုပ်စု၊ ကျောက်ချောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းအဆင်း၊ Asia energy စက်သုံးဆီဆိုင်ရှေ့မှာ ဖေဖော်ဝါရီ လ၁၇ရက် ညနေ၆နာရီခွဲခန့်က ယာဉ်တစ်စီးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

မီးလောင်စည့်ယာဉ်မှာ ခရီးသည်တင် Expressယာဥ်တစ်စီး ဖြစ်ပြီး မီးလောင်မှုကြောင့် ယာဥ်တစ်စီလုံး မီးလောင်ပျက်စီးခဲ့ကာ  လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အုန်းချောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၁၄ မိနစ် အချိန်ခန့်က မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#Local_News #စက်သုံးဆီ ဆိုင်ရှေ့ ယာဉ်တစ်စီး မီးလောင် #YMG/LW #Yangon_Times