#Local_News
Published-17 February 2024

မန္တလေးနှင့် မကွေးတိုင်းဒေသကြီးရှိ လူဦးရေ ၁၂၀၀၀ ကျော်အတွက် သောက်သုံးရေသိုလှောင်ပမာဏ ဂါလံ(၆၂) သန်းကျော် သိုလှောင်ထားကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေအရင်းအမြစ်ဌာနမှ သိရသည်။

 

အဆိုပါဒေသများသည် မိုးနည်းရေရှားဒေသကြီးများဖြစ်သောကြောင့် လာမည့်နွေရာသီတွင်အယ်လ်နီညိုဖြစ်စဉ် ကြိုတင်ကာကွယ်ရေးအတွက် သိုလှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့သိုလှောင်ထားရာတွင် မန္တလေးတိုင်းဒေသကြီးတွင် ရေကန် (၇) ကန် ရေသိုလှောင်ထားနိုင်သည့်ပမာဏ ဂါလံ ၄၆ ဒသမ ၆၃ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ရေကန် (၁၁) ကန် ရေသိုလှောင်ထားနိုင်သည့်ပမာဏ ဂါလံ ၁၅ ဒသမ ၅၆ သန်းကို  ဖော်ဆောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

 

ထို့ပြင်မိုးနည်းရေရှားဒေသကြီးများဖြစ်သည့် မန္တ‌လေးနှင့်မကွေးတိုင်းများ၌ လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း လူဦးရေ ၆၀၀ နီးပါးအတွက် ရေကန်များဖော်ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

#Local_News #သောက်သုံးရေသိုလှောင် #YMG/NN #Yangon-Times