Published 15 February 2024

 ရန်ကုန်မြို့ရှိ  ထိုင်း သံရုံး တွင် ဗီဇာလျှောက်ထားသူများ ကို တစ်ရက်လျှင် ၄၀၀သာ လက်ခံမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးကထုတ်ပြန်ကြေညာထားသည်။

    ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသည့် အရေအတွက်မှာများပြားလာသည့်အတွက် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၁၄) ရက်နေ့ကစပြီး ဗီဇာလျှောက်ထားသူ အရေအတွက်ကို တစ်နေ့လျှင် လူဦးရေ (၄၀၀)သာ လက်ခံမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

  လာလျှောက်ထားသူများအနေဖြင့် တန်းစီစနစ်ကို ကျင့်သုံးရမည်ဖြစ်ပြီး ရုံးဖွင့်ရက်၏ နေ့စဉ် ရုံးဖွင့်ချိန် မတိုင်မီ နံနက်(၈)နာရီခွဲအချိန်ကစပြီး တုံကင်နံပါတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

  တုံကင်ပေးရာမှာလည်း ဗီဇာလျှောက်ထားသူကိုယ်တိုင် လာရောက်ယူရမည်ဖြစ်ပြီး လျှောက်ထားသူ၏ ပတ်စပို့ဖြင့် သေချာစစ်ဆေးပြီးမှသာ တုံကင်ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

   အဆိုပါ တုံကင် ကို တခြားသူထံလွှဲပေးခြင်း တုံကင်နံပတ်ကို အလွဲသုံးစားပြုလုပ်ခြင်းနှင့်အတုအပ ပြုလုပ်သည် ကို တွေ့ရှိပါက ဗီဇာလျှောက်ထားခွင့်ကို ပိတ်ပင်မည်ဖြစ်ပြီး Blacklist ထဲ တွင် မှတ်တမ်းတင်ထားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖေါ်ပြထားသည်။
Yangon Times/LW
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group