#Local_News
Published 29 January 2024


မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပသည့်သီတင်းကျွတ်လပြည့်နေ့မှ ယခုဇန်နဝါရီလ ၂၈ ရက်အထိ ပြည်တွင်းပြည်ပခရီးသွား ၃သိန်းကျော်ဝင်ရောက်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲထံမှ သိရသည်။

 

ယခုဇန်နဝါရီလအတွင်း ဘုရားဖူးဧည့်သည်ပိုများကာ တစ်လအတွင်းဧည့်သည့်တစ်သိန်းကျော် ဝင်ရောက်ကြောင်း သိရသည်။

 

ပြည်တွင်းခရီးသွားများ ပိုမိုများပြားပြီး နိုင်ငံခြားခရီးသွားဧည်သည့် ၆၅၀၀ကျော် ဝင်ရောက်ကာ ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။

 

ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဘုရားဖူးမြော်နိုင်ရန်အတွက် စေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများကလုံခြုံရေး၊ အခမဲ့တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကာ တောင်တက်မော်တော်ယာဉ်အစီးရေ ၁၅၀ ကိုလည်း နေ့စဉ်ပြေးဆွဲပေးနေကြောင်း သိရသည်။

 

ဘုရားဖူးပြည်သူများ စည်ကားများပြားသည့်အတွက် ကျိုက်ထီးရိုး‌တောင်တော်တစ်လျှောက် အထင်ကရနေရာများဖြစ်သည့် မုဆိုးတောင်တော်၊ ကျီးကန်းပါးစပ်လိုဏ်ဂူတော်၊ ကျောက်ထပ်ကြီး စေတီတော်၊ ရေတံခွန် စသည့်နေရာများ၊ ရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

#Local_News #ဆံတော်ရှင်ကျိုက်ထီးရိုး #သီတင်းကျွတ်လပြည့်နေ့ #ခရီးသွားဧည့်သည်၃သိန်းကျော်ဝင်ရောက် #YMG/LW #Yangon_Times