#Local_News
Published 7 January 2024

 ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား များကို တင်ဆောင်လာသည့်​ မော်တော်ယာဉ် ကို ထိုင်းအာဏပိုင်များ က တားဆီးစစ်ဆေးရာ မှ ထွက်ပြေးသဖြင့် ယာဉ်တိမ်းမှောက် မှု ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းသတင်းဌာန များရဲ့ဖေါ်ပြချက်အရ သိရသည်။

 

  ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ စံခလမြို့နယ်ထဲဖြတ်သန်းမောင်းနင်လာသည့်  ပစ်ကပ်ကားကို ထိုင်းအာဏာပိုင်များက အစစ်ဆေးခံယူဖို့ တားဆီးစဉ် ယာဉ်မောင်းဖြစ်သူက ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနင်ထွက်ပြေးရာက လမ်းဘေးမီးတိုင်ကို ဝင်တိုက်မိပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၈ ဦး ထိခိုက်ဒဏ်ရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအနက်က တစ်ဦးမှာ  စိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စံခလဘူရီရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့သည့် နေရာကို သွား ရောက်စစ်ဆေးမှုတွေပြုလုပ်ကာ တရားမဝင် မြန်မာနိုင်ငံသားများ ကို ထိုင်းနိုင်ငံထဲ ခေါ်ဆောင်လာသည့်ပွဲးစားများကို ဖမ်းဆီးနိုင်ဖို့အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

 

#Local_News #ကားမောင်းနှင်ထွက်ပြေးရာမှတိမ်းမှောက်မှုဖြစ် #YMG/NN #Yangon_Times