#Local_News
Published-5 January 2024


ရန်ကုန်မြို့ရှိ လှိုင်တက္ကသိုလ်အနီး၌ ကားမီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၁၂)ရပ်ကွက်၊ပါရမီလမ်း ၊ လှိုင်တက္ကသိုလ်အနီးတွင်  ဇန်နဝါရီ ၅ ရက် နံနက် ၂ နာရီ ၃၈ မိနစ်ခန့်က အဖြူရောင် Toyota Harrier မော်တော်ယာဉ်တစ်စီးမှာ မောင်းနှင်လာစဉ် အင်ဂျင်အပူလွန်ကဲပြီး Heat တက်ရာမှ ဝါယာကြိုးများရှော့ခ်ဖြစ်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ မီးလောင်မှုကြောင့် ကားရှေ့တာယာ၂ လုံး၊ အင်ဂျင်ခန်း၊ရှေ့နောက်လေကာမှန်နှင့် ကားအတွင်းပိုင်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ၊ မီးလောင်မှုအားမီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၂ ဉီးဖြင့် ငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုကြောင့် အသက် ၃၆ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားကို လှိုင်မြို့မရဲစခန်းက ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ကာအရေးယူထားကြောင်း သိရသည်။

 

#Local_News #ကားမီး‌လောင်မှုဖြစ် #YMG/NN #Yangon_Times