#Local_News
Published 20 December 2023

အခုရက်ပိုင်းအတွင်းညအပူချိန်ကျဆင်းမည့်ဒေသ(၄)ခုရှိပြီး ရန်ကုန်လည်း အအေးဓာတ်ရလာတော့မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်‌ နောက်နှစ်ရက် ဒီဇင်ဘာ(၂၁)မှ(၂၂)ရက်အထိ ညအပူချိန်များ အနည်းငယ် လျော့နည်းနိုင်သည်ဟုဆိုသည်။

 

ခရစ်စမတ်ဒီဇင်ဘာ(၂၅)ရက်နီးလာလျှင် ရန်ကုန်လည်း အအေးဓာတ်ရတော့မည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပြောသည်။

 

ထူးခြားသည့် ညအပူချိန်များအဖြစ် ဟားခါးမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ကျောက်မဲမြို့နှင့် ဟဲဟိုးမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီနှင့် ပူတာအိုမြို့၊ လွိုင်လင်မြို့၊ မိုင်းယန်းမြို့၊ တီးတိန်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြ ပါသည်။ 

 

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ကရင် ပြည်နယ်တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ထက် (၃)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင် သိရသည်။

 

#Local_News #ညအပူချိန်ကျဆင်းမည် #tthl #Yangon_Times