#Local_News
Published 2 December 2023


တနင်္သာရီတိုင်းဒေသကြီး ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ အတွင်းမီးလောင်မှုကြောင့် အိမ်ခြေ ၄၀ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 

ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က ဇီးဖြူသောင်ကျေးရွာ ငွေသောင်ဖြူ ၁ ရပ်ကွက် သဲပုံစေတီအနီး နေအိမ် တစ်လုံးမှ စတင်မီးလောင်ကျွမ်းရာကနေ အိမ်ခြေ ၄၀ ခန့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုကိုဒေသခံ ပြည်သူများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့အရန်မီးသတ်တပ်ဖွဲ့နှင့်ရေးမြို့နယ်အတွင်းရှိ လူမှုကူညီရေးအသင်းများက ကူညီငြှိမ်းသတ်ပေးမှုကြောင့် နေ့လည် ၁နာရီခွဲခန့် တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းမီးလောင်မှုကြောင့် မီးဘေးသင့် ပြည်သူ ၁၆၀ ခန့်ရှိခဲ့ပြီး ၎င်းတို့ကို ဇီးဖြူသောင်ကျေးရွာ ရတနာအောင်မြေ ကျောင်းတိုက်တွင် ယာယီထားရှိထားကြောင်း သိရသည်။

 

‌#Local_News #ရေးမြို့ #မီးလောင်မှုဖြစ် #YMG/LW #Yangon_Times