#Local_News
Published_ 28 October 2023


ရန်ုကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဥ်မြို့တော်တွင်  မိန်းကလေးငယ်တစ်ဦး မိုးကြိုးထိမှန်ပြီးသေဆုံးသွားကြောင်း ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ သိရသည်။

 

မိုးကြိုးပစ်ခံရသော လူနာသမီးငယ်အားအချိန်မီပို့ဆောင်နိုင်ရေးကူညီပေးနေစဥ် ဆေးခန်းမရောက်ခင်သေဆုံးခဲ့သည်ဟု ဆိုသည်။

 

အောက်တိုဘာလ၂၇ ရက် ညနေ ၄ နာရီကျော်မှာ မိုးကြိုးပြင်းထန်စွာပစ်ခဲ့ပြီး ယုဇန‌ဥယျာဉ်မြို့တော်၌ နေထိုင်သူမိန်းကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

 

မိုးကြိုးထိမှန်သေဆုံးသူမှာ  မိနီမ(ခေါ်)မပွင့်ဝတီကျော်၊ အသက်၁၁နှစ်၊ ၁၄လမ်း C ထိပ် ကျွန်းရွှေဝါလမ်းမကြီးပေါ်(ယုဇနဥယျာဥ်မြို့တော်) နေထိုင်သူတစ်ဦးဖြစ်ပြီး ယုဇနဥယျာဉ်အခြေစိုက် ပိတောက်ကွေ့လူမှုကူညီရေးအသင်းမှ အချိန်မီ ဆေးကုသနိုင်ရန် ကူညီပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင်ကွယ်လွန်သွားကြောင်း သိရသည်။

 

#Local_News #မိုးကြိုးထိမှန် #မိန်းကလေးငယ်တစ်ဦးသေဆုံး #tthl #Yangon_Times