#Local_News
Published-24 Oct 2023

ရန်ကုန်မြို့၌ ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ရပ်ကွက်အချို့ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်‌နေပြည်သူများထံမှသိရသည်။ ထိုသို့ရေကြီးရာတွေ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ မဂ်လာတောင်ညွှန့်မြို့နယ်များရှိ ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌မုန်တိုင်း'ဟမွန်း'အရှိန်ကြောင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း သတိပေးထားကြောင်း သိရသည်။

#YMG/ NN #Yangon_Times