#Local_News
Published_24 Oct 2023

ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ ဟင်းသီးဟင်းရွက်တန် ၇၀ ကျော်အား စည်ပင်ဈေး ၄၈ ဈေးသို့ နေ့စဉ်တင်ပို့ရောင်းချနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့တင်ပို့ရောင်းချရာတွင်ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ လက်ရှိတွင် တစ်ရက်လျှင်ဟင်းသီးဟင်းရွက်တန်ချိန်၇၇ ဒသမ ၆၇ တန် အထိ ထွက်ရှိလျှက်ရှိရာ ဒညင်းကုန်းကုန်စိမ်းလက်ကားဈေးသစ်ကြီး အပါအဝင် စည်ပင်ဈေးများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

 

"ထောက်ကြန့် ရတနာသီရိ ကုန်စိမ်းဈေးသစ်နဲ့ တညင်းကုန်းကုန်စိမ်းလက်ကားဈေး အပါအဝင်ရန်ကုန်မြို့တော်စည်ပင်သာယာဈေး(၄၈)ကိုမှာ ရောင်းချပေးနေတာပါ။ အရင်နှစ်ကထက်အထွက်နှုန်းတိုးလာပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

လတ်တလောတွင် စုစုပေါင်းစိုက်ပျိုးသူ ဦးရေ ၆၀၁ ဦးမှ ဟင်းသီးဟင်းရွက်စိုက်ဧက ၃၀၀၃ ဒသမ ၅ ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့စိုက်ပျိုးရာတွင် ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်း၊ မုံလာ၊ ဟင်းနုနွယ်၊ ဆလပ်၊ ဗူး၊ ရုံပတီသီး၊ ပဲညွှန့်၊ ဂွေးတောက်၊ကိုက်လန်၊ ဒန့်သလွန် ၊ခဝဲ၊ ဗုံလုံ၊ ကြက်ဟင်းခါးသီးစသည်ဖြင့် ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၄၀ ခန့်အထိစိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။

 

#Local_News #ဟင်းသီးဟင်းရွက် #နေ့စဉ်တင်ပို့ရောင်းချနေ
#YMG/ NN #Yangon_Times