Published_ 03 October 2023

အုန်းသီးအခြေခံစားသောက်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်း၌သာမက ပြည်ပသို့တင်ပို့နိုင်သည်အထိ အဆင့်မြှင့်တင်ထုတ်လုပ် သွားမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။

ထုတ်ကုန်(အုန်းသီး)တန်ဖိုး ကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း၏ လုပ်ငန်းအစီအစဉ်အရ အုန်းသီးတန်ဖိုး မြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ (၂)ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသင်တန်းအား အောက်တိုဘာ ၂ ရက် မှ ၄ ရက် အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား ၃၄ ဦး တက်ရောက်ကြောင်း သိရသည်။

ထိုသင်တန်းတွင် စားသောက်ကုန်ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်စသည်တို့ ပြုလုပ်ခြင်းနှင့် ရေချိုးဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြင့် အုန်းထုတ်ကုန်များ ပြုလုပ်ခြင်းတို့ကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#Published_ 03 October 2023
#YMG #Yangon_Times #Yangon_Media_Group