Published_ 22 September 2023

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ယာဥ်၁စီး ယ​နေ့နံနက်ကပက်လက်လန်တိမ်းမှောက် မှုဖြစ်ပြီး သေဆုံးသူ ၁ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူ၁ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကသိရသည်။

ပြင်ဦးလွင်မြို့နယ်၊ မိုင်တိုင်အမှတ် (၂၆)တွင် စက်တင်ဘာလ ၂၂ရက် နံနက် ၉နာရီ ၃၅မိနစ်အချိန်ခန့်က ယာဉ်(၁)စီး တိမ်းမှောက် မှုဖြစ်ပွားပြီး လူ(၂)ဦးညပ်နေကြောင်း သတင်းရရှိသဖြင့် ဗဟိုမီးသတ်သင်တန်းကျောင်းမှ  ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိမ်းမှောက် မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦးအနက်ယာဉ်မောင်းအမျိုးသား(၁)ဦး(သေဆုံး)၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သန္တိသုခလူမှုကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Yangon-Times/PP
#Local_News
#YMG #Yangon_Times