Published_ 21 September 2023

ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ(Special EPS- TOPIK)ကို ဝင်ရောက်ဖြေဆို ခွင့် ရရှိသူ ဦးရေ ၁၆၀၀ ကျော် ရှိကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာကို စက်တင်ဘာလ ၄ ရက်မှာ စတင်လက်ခံခဲ့တာဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်လျှောက်ထားနိုင်သူ အလုပ်သမားဦးရေ ၁၅,၀၀၀ ကျော် ထဲ မှ ဖြေဆိုခွင့်ရရှိသူများ၏အမည်စာရင်းကို POEAက ယခုလိုထုတ်ပြန်လိုက် ခြင်း ဖြစ်သည်။

စာမေးပွဲ ဖြေဆိုမှု ကို အောက်တိုဘာလ ၄ ရက်ကနေ ၂၀ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပြီးယခုစာမေးပွဲ ကို တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက်နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံပြန်လည်ရောက်ရှိနေသည့် အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်ကြောင်းPOEA မှ ကနဦး ထုတ်ပြန်ထားချက် အရ သိရသည်။

Special EPS TOPIK စာမေးပွဲဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်းရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံတွင် E-9 ၊ E-10 ဗီဇာနှင့်၅ နှစ်အထက်နေထိုင်ဖူးသူ၊ ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံမှ ပြည်ပထွက်ခွာခွင့်တားမြစ်ခံရသူ၊ တစ်
ဖက်နိုင်ငံမှ နှင်ထုတ်ခံထားရဖူးသူများ ဖြေဆိုခွင့်မရရှိကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#YMG #Yangon_Times #Yangon_Media_Group