Published_ 21 September 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် တွံတေးတူးမြောင်းဘေးတွင် မြစ်ကမ်းပါးပြိုကျခဲ့ပြီး အိမ်ထောင်စု ဝင်အိမ်ထောင်စု(၉၄)စုအနက် အိမ်ထောင်စု(၆၈)စုရှိလူဦးရေစုစုပေါင်း (၂၉၇)ဦးကို ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးထားရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

စက်တင်ဘာ(၂၀)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ဆာပါချောင် ကျောင်းစုရပ်ကွက်၊ တွံတေးတူးမြောင်းဘေးတွင် ကမ်းပါးပြိုပြီးနေအိမ်(၆)လုံးမျောပါသွားခဲ့သည်ဟုဆိုသည်။

ယင်းဖြစ်စဉ်ကြောင့် နေအိမ်နှင့်အတူ မ(၂)ဦးမျောပါသွားသဖြင့် ရှာဖွေကယ်ဆယ်ခဲ့ရာ ပြန်လည်ဆယ်ယူရရှိခဲ့ပြီး မ(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား ဒလဆေးရုံသို့ ပို့ဆောင်စဉ်(သေဆုံး)ခဲ့ပြီး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်းနှင့် မျောပါသွားသည့် နေအိမ်များနှင့် အနီးနားဝန်းကျင်ရှိ နေအိမ်(၈၀)လုံးခန့်မှ အိမ်ထောင်စုဝင်များအား ရေဘေးလွတ်ရာ တာကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းနှင့် ကျန်စစ်သားရပ်ကွက် အောင်တော်မူဘုန်းတော်ကြီးကျောင်းသို့ ကူညီရွေ့ပြောင်းပေးခဲ့ကြောင်း၊ လက်ရှိတွင် ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားရသည့် လူဦးရေ(၂၉၇)ဦးအထိရှိလာပြီး ရေဘေးလွတ်ရာတာကြီး ရပ်ကွက်ရှိ ပုညာရာမဘုန်းကြီးကျောင်းသို့ ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times #Yangon_Media_Group