Published_ 20 September 2023

ရန်ကုန်လေဆိပ်အတွင်း ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများ ယာယီဝင်/ထွက်ခွင့် ကတ်ဖြင့် ဝင်ရောက်နိုင်ပြီလို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ကြေညာထားသည်။

လိုက်ပါပို့ဆောင်သူများအနေဖြင့် လေဆိပ် Public Area ယာယီဝင်/ထွက် ခွင့်ကတ် ထုတ်ယူရာတွင် မှတ်ပုံတင် ပြသရန် လိုအပ်ပြီး မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန်မလိုကြောင်းလည်းသိရသည်။

ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား ချိတ်ဆွဲ၍ ဂိတ်အမှတ် (၂)မှ အစစ်ဆေးခံဝင်ရောက်ကာ ဂိတ်အမှတ် (၆)မှ ပြန်လည်ထွက်ခွာရမည်ဟုသိရသည်။

လေဆိပ် Terminal Public Area အတွင်း ခရီးသည်ပို့ဆောင်/ကြိုဆိုစဉ် ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အမြဲတမ်းချိတ်ဆွဲထားရမည် ဖြစ်ပြီး လေဆိပ်၏ လုံခြုံရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရမည် ဖြစ်သလို အဆိုပါ ယာယီဝင်/ထွက်ခွင့်ကတ်ပြားအား အလွဲသုံးစားပြုလုပ်ပါက အဆိုပါကတ်ပြား ဖြုတ်သိမ်းကာ သက်ဆိုင်ရာမှ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းသိရသည်။
Yangon_Times/PP
#Local_News
#Published_ 20 September 2023
#YMG #Yangon_Times #Yangon_Media_Group