#Local_News
Published_ 12 September 2023


နှစ်လအတွင်းရွှေတိဂုံစေတီတော်ကြီးသို့ အလှူရှင်(၄၁)ဦးမှရွှေပြား(၅၇) ချပ်နှင့် အလှူရှင်(၇၈)ဦးမှကျပ်သိန်းပေါင်း တစ်သောင်းကျော်လှူဒါန်းနိုင်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိကာလအတွင်း ခြောက်ကျပ်သားရွှေပြားသုံးချပ်၊ သုံးကျပ်သားရွှေပြား နှစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၂ ချပ်တို့အား အလှူရှင် ၄၁ ဦးတို့မှလည်းကောင်း၊ ငွေသားအလှူရှင် ၇၈ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်းကျပ် ၁၅၂၆၇၈၀၀၂၀ (ကျပ်သိန်းတစ်သောင်း ငါးထောင်နှစ်ရာခြောက်ဆယ်ခုနှစ်သိန်းရှစ်သောင်းနှစ်ဆယ် )တို့အား လှူဒါန်းခဲ့ကြသည်ဟု ဖော်ပြပါရှိသည်။

 

အဆိုပါ ရွှေပြားအလှူရှင်များအပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ကျပ်တစ်သိန်းနှင့်အထက်အလှူရှင်များအား ရွှေတိဂုံစေတီတော်ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့က (၅၈၂)ကြိမ် မြောက် ထုတိအနုမောဒနာဂုဏ်ပြုလွှာ ပြန်လည်ချီးမြှင့်ခြင်းအခမ်းအနားနှင့် လှူဒါန်းမှုအစုစုအတွက် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကျင်းပပေးခဲ့ပြီး ဂုဏ်ပြုလွှာများ ချီးမြှင့် ခဲ့ကြောင်းသိရသည်။

 

#tthl #Local_News #ရွှေတိဂုံစေတီတော်ကြီး #ရွှေပြား(၅၇)ချပ်လှူဒါန်းနိုင်ခဲ့
#Yangon_Times