#Local_News
Published 31 August 2023


ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် MOU မြန်မာအလုပ်သမားများ အနေဖြင့်နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် အတွက်ယခင်လိုရက်ချိန်းယူစရာမလိုတော့ဘဲ လူကိုယ်တိုင် တခါ ထဲ လာရောက်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံ(ဘန်ကောက်)၏ သြဂုတ် ၃၁ ရက်က ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 

PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပြီး ၃၁-၃-၂၀၂၄ ရက်နေ့တွင် သက်တမ်းကုန်သူများအား စာအုပ်အသစ်ပြုလုပ်ပေးရန်အတွက် ၂၉-၇-၂၀၂၃ ရက်နေ့မှစတင်၍ စနေနေ့တိုင်း လူကိုယ်တိုင် ရက်ချိန်းတိုကင် လာရောက်ယူခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ရာ လက်ရှိတွင်တိုကင်လာရောက်ယူသူနည်းပါးလာတာကြောင့် ၂-၉-၂၀၂၃ ရက်နေ့ (စနေနေ့) မှစ၍ ရက်ချိန်းတိုကင်ပေးခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူများအနေဖြင့် ရုံးဖွင့်ရက်များတွင် မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ ရက်ချိန်းတိုကင်မလိုဘဲ လူကိုယ်တိုင်လာရောက်ပြုလုပ်နိုင်ပြီး ၃၀-၆-၂၀၂၄ ရက်နေ့အထိ သက်တမ်းကုန်သူများကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ ထုတ်ပြန်ကြေညာထားသည်။

 

#YMG/LW #Local_News #ထိုင်းရောက်မြန်မာလုပ်သား #နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်း #Yangon_Times