#Local_News
Published_ 31 August 2023

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာကြည့်ရူမှု အချိန်စာရင်းအသစ် စက်တင်ဘာလ ၁ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

 

ကင်ဆာဓာတ်ရောင်ခြည်ဌာနကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ မနက်ပိုင်း(၉)နာရီမှ(၁၂)နာရီထိ၊ မွန်းလွဲပိုင်း (၂)နာရီမှ(၄)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး ကြာသပတေးနေ့ (Day Care)တွင်လည်း မနက်ပိုင်း(၉)နာရီမှ (၁၂)နာရီထိ၊ မွန်းလွဲပိုင်း (၂)နာရီမှ(၄)နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။

 

ခွဲစိတ်ရန်လိုအပ်သည့်လူနာများအတွက် ခွဲစိတ်ကုသဆောင်(၁)ကို တနင်္လာမနက်ပိုင်း၊ ဗုဒ္ဓဟူးနေ့လည်ပိုင်းအချိန်၊ ခွဲစိတ်ကုသ ဆောင်(၂)ကို အင်္ဂါမနက်ပိုင်း၊ ကြာသပတေးနေ့လည်ပိုင်းအချိန်၊ခွဲစိတ်ကုသဆောင်(၃)ကို ဗုဒ္ဓဟူးမနက်ပိုင်း၊ တနင်္လာနေ့နေ့လည်ပိုင်းအချိန်များတွင် ပြသနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

 

ပြင်ပလူနာများတွင် နှလုံးဆေးကုသဌာနကိုတနင်္လာ၊ အင်္ဂါ၊ ကြာသပတေး၊ သောကြာနေ့မနက်ပိုင်းအချိန်တွင် ပြသနိုင်မည်ဖြစ်ပြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနကို တနင်္လာ၊ ဗုဒ္ဓဟူးနေ့လယ်ပိုင်းအချိန်၊ အစာအိမ်အူလမ်းကြောင်းနှင့် ဆေးကုဌာနကို တနင်္လာ၊ ကြာသပတေး မနက်အစောကြီးပိုင်းအချိန်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့လည်ပိုင်းအချိန်များတွင် ပြသနိုင်မည်ဖြစ်သည်။

 

အဆိုပါအချိန်စာရင်းအသစ်တွင် ရောဂါအလိုက်ပြသနိုင်မည့် နေ့ရက်များနှင့် ပြသနိုင်မည့်အချိန်များကို အသေးစိတ်ဖော်ပြထားပြီး Yangon General Hospital Facebook Page၌လူနာများအသေးစိတ် သွားရောက်ကြည့်ရူနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#tthl #Local_News #ရန်ကုန်ပြည်သူ့ဆေးရုံကြီး #အချိန်စာရင်းအသစ်ထုတ်ပြန်
#Yangon_Times