#Local_News
Published 21 July 2023


ရုပ်သံလိုင်းများတွင် ရိုက်ကူးပြသမည့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီဇာတ်လမ်းခွင့်ပြုချက်ရရန်အတွက် ဇာတ်လမ်းအကျဉ်းနှင့်အခန်းစဉ်များကို ဗီဒီယိုဆင်ဆာအဖွဲ့ကို ကြိုတင်တင်ပြရိုက်ကူးကြရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်လိုက်သည်။

 

လာမည့်ဩဂုတ်လ၁ရက်နေ့မှစပြီး ရုပ်မြင်သံကြားရိုက်ကူးလုပ်ငန်းလုပ်ကိုင်နေသူများနှင့်ထုတ်လုပ်သူများ အနေဖြင့် မြန်မာဇာတ်လမ်းတွဲများ မရိုက်ကူးမီဇာတ်လမ်းအကျဉ်းနှင့် အခန်းစဉ်များကို ဗီဒီယိုဆင်ဆာအဖွဲ့ထံ ကြိုတင်တင်ပြရန်နှင့် ဆင်ဆာအဖွဲ့ထံ တင်ပြခြင်းမရှိဘဲ ရိုက်ကူးထားသောဇာတ်လမ်းတွဲများကို တင်ပြလာပါက ဆင်ဆာကြည့်ရူစစ်ဆေးပေးခြင်းကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

 

‘မြန်မာဇာတ်လမ်းတွဲတွေ မရိုက်ကူးမီ ဗီဒီယိုဆင်ဆာအဖွဲ့ကို ကြိုတင်တင်ပြရိုက်ကူးရမယ်လို့ အစည်းအရုံးကထုတ်ပြန်ထားတယ်ဆိုတာဟုတ်ပါတယ်။ အရင်ဗီဒီယိုဆင်ဆာအဖွဲ့ပါပဲ။ သူတို့ကိုပဲတင်ပြရမှာ။ အနုပညာလောကသားအနေနဲ့ ဒါကိုဘယ်လိုမြင်လဲဆိုတော့ ဇာတ်လမ်းရိုက်မယ့်လုပ်ငန်းနေရာ၊ အခန်းစဉ် နေရာတွေကိုကြိုတင်တင်ပြထားတော့တစ်ခုခုဆိုရင်စစ်ဆေးတာတွေရှိရင် ဒါကို (အထောက်အထား)ပြလိုက်ရင် အကာအကွယ်ပေးတဲ့သဘောပါ”ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်၊ ရုပ်ရှင်လောကသားတစ်ဦးက YMG ကို ပြောပြခဲ့သည်။

 

#tthl #Local_News #မြန်မာဇာတ်လမ်းတွဲများဆင်ဆာကြိုတင်တင်ပြရမည်ဟုထုတ်ပြန်
#Yangon_Times