Published_ 26 June 2023

သားဖြစ်သူ အသုဘကိုသွားသည့်ဖခင် ယာဉ်မတော်တဆဖြစ်၍ ပွဲချင်းပြီးသေဆုံးသွားမှု တစ်ခုဇွန်လ ၂၅ ရက်က ဖြစ်ပွားခဲ့ကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းမှသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ဆီဇုံအပိုင်ရှိ ဆင်ဖြူတော်ပရိယတ္တိစာသင်တိုက်အတွင်း ပန်းရံလုပ်ကိုင်နေစဉ် ဓာတ်ကြိုးနင်းမိရာမှ ဓာတ်လိုက်ကာ သတိလစ်သွားသော အသက် ၁၉ နှစ်အရွယ် ကိုစောမောင်သိန်း ကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးရုံ၌ သေဆုံးသွားခဲ့သောကြောင့် ၎င်း၏ မိသားစုက ယင်းအသုဘကို လာရောက်စဉ် အထက်ပါအတိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သေတဲ့ကောင်လေးက ရခိုင်ပြည်နယ် မင်းပြားကပါ။မော်လမြိုင်မှာ အလုပ်လုပ်နေတာ။အဲဒီကောင်လေး ဓာတ်လိုက်ပြီး သေတာကြောင့် မင်းပြားမြို့က သူ့အဖေ၊အမေ အပါအဝင် မိသားစုဝင် ၁၀ ယောက်က မော်လမြိုင်ကို မှန်လုံကားတစ်စီးငှားကာ ပြီးလာခဲ့တာ။ နေပြည်တော်နားက အမြန်လမ်းမှာ ကားတိုက် မှုဖြစ်လို့ ကားခေါင်းခန်းမှာ ထိုင်ပြီး လိုက်တာတဲ့ သူ့အဖေ ဦးအထွန်း ပွဲချင်းပြီးဆုံးတယ်၊တခြား ဒဏ်ရာရသူတွေကို နေပြည်တော်ဆေးရုံမှာ ကုသနေရပါတယ်"ဟု လူမှုကယ်ဆယ်ရေးလုပ်ကိုင်ခဲ့သူ တစ်ဦးကပြောသည်။

ယင်းကြောင့် ဖခင်ဖြစ်သူ၏ ရုပ်အလောင်းကို နေပြည်တော် ဆေးရုံက မော်လမြိုင်သို့ ယာဉ်ငှားသယ်ဆောင်သွားကြောင်းနှင့် သားဖြစ်သူ နှင့် ဖခင် ဖြစ်သူတို့ကို ယနေ့ ဇွန်လ ၂၆ ရက်တွင် မော်လမြိုင်မြို့၊ ပိန္နဲကုန်းသုသာာန်၌ သင်္ဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။
#Yangon-Times/BM
#Local_News
#Yangon_Time #YMG

img src="/images/အမေ_ခေခ_အပေ2.jpg" alt="" /></p><" /><img src="imag" alt="""" /><img src="imag" alt="""" src=""i" al" />img src="image"/အမေ_ခေခ_အပေ7.jpg" alt="" /></p>"