Published_ 26 June2023

မန္တလေးတွင် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ဖမ်းဆီးရမိသည့် မြန်မာကျပ်ငွေ (၁၄၄.၉၉၉၈) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇွန်လ၂၆ရက် က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

(၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့ရှိ ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းတွင် ယနေ့ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးမှာ နေပြည်တော်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရထားရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့မီးရှို့ဖျက်ဆီးခဲ့ရာတွင်ဘိန်း(၄၇၈.၀၄၁)ကီလိုကျော်၊ ဘိန်းဖြူ(၆၁၀.၄၄၅)ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား(၄၇.၅)သန်းကျော်၊ အိုက်စ်(၃၅၂၇.၇၅၄)ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၁၉) မျိုးနှင့် ဓါတုပစ္စည်း (၁၅) မျိုးတို့၏ စုစုပေါင်းတန်ဘိုး မြန်မာကျပ်ငွေ (၁၄၄.၉၉၉၈) ဘီလီယံကျော်အား ပါဝင်ကြောင်းသိရသည်။
#Yangon-Times/BM
#Local_News #မူးယစ်ဆေးများမီးရှို့ဖျက်ဆီးခဲ့
#Yangon_Time #Daily_News #YMG