#Local_News
Published_ 22 May 2023

အွန်လိုင်းစနစ်အသုံးပြုကာအခွန်ထမ်းသစ်လျောက်ထားနိုင်မည့် အီလက်ထရွန်းနစ်အခွန်မှတ်ပုံတင်စနစ်ကို ယခုမေလ ၂၃ရက်နေ့က စတင်တော့မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနကသိရသည်။

 

လက်ရှိအသုံးပြုနေသည့် စာရွက်စာတမ်းများနှင့် အခွန်ရုံးသို့အခွန်ထမ်းမှတ်ပုံတင်လျောက်ထားနေမှုအစား အွန်လိုင်းမှလျောက်ထားအသုံးပြုနိုင်မည်ဖြစ်သည်။

 

ကုမ္ပဏီအဖွဲ့အစည်းများ၊ အကျိုးအမြတ်မယူသောအဖွဲ့အစည်းများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်လုပ်ငန်းရှင်များအနေဖြင့် အခွန်ထမ်းအသစ်အဖြစ်မှတ်ပုံတင်ရာတွင် လူကိုယ်တိုင်လျောက်ထားစရာမလိုဘဲ အွန်လိုင်းမှတဆင့် အခွန်ထမ်းမှတ်ပုံတင် နံပါတ်ရယူနိုင်မည်ဖြစ်သည်။

 

အခွန်ကြေငြာလွှာနှင့် နှစ်စဉ်အခွန်ငွေပေးသွင်းမှုတွေကိုတော့ ပုံမှန်ဆောင်ရွက်နေဆဲနည်းလမ်းများအတိုင်းသာ ဆက်လက်ကျင့်သုံးသွားမည်ဟု သိရသည်။

 

အီလက်ထရွန်းနစ်အခွန်မှတ်ပုံတင်စနစ်ကိုသုံးစွဲလိုသူများအနေဖြင့် www.ird.gov.mm တွင်အသေးစိတ်လေ့လာပြီးလျောက်ထားနိုင်ကြောင်းပြည်တွင်းအခွန်များဦးစီဌာနမှသိရသည်။

 

#ymg/ppk #Local_News #အွန်လိုင်းအခွန်စည်းကျပ်မှုစနစ် #အခွန်မှတ်ပုံတင်
#YMG #Yangon-Media-Group