#Local_News
Published_ 22 May 2023


မိုခါမုန်တိုင်းဒဏ်သင့်သူများအတွက် အာဆီယံနိုင်ငံများမှ အမေရိကန်ဒေါ်လာ ၁၀၇၀၆၄ ခန့်မှန်းတန်ဖိုးရှိ ယာယီမိုးကာတဲများ၊ တာပေါ်လင်၊ Jerry Can၊ Shelter Repair Kit အပါအဝင် အခြားအရေးပေါ်သုံးပစ္စည်းများ ပါဝင်သောတန်ချိန် စုစုပေါင်း ၃၄ ဒသမ ၆၉ တန်ကျော် သယ်ဆောင်လာတဲ့ စင်ကာပူလေတပ်မှ C-130 နှစ်စင်းနှင့် B737-800F လေယာဉ်တို့သည် မေ ၂၁ ရက်တွင် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ပါတယ်။

 

ပထမသုတ်အဖြစ် ရောက်ရှိလာတဲ့ အကူအညီပစ္စည်းများကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာဆီယံညှိနှိင်းမှုဗဟိုဌာန ၏ အမှုဆောင်ဒါရိုက်တာ မစ္စတာ လီယန်မင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ၏ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။

 

အဆိုပါ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများကို မိုခါမုန်တိုင်း ဒဏ်သင့်သူများထံသို ဆက်လက်ပေးပိုမှာဖြစ်ကြောင်း သိရပါတယ်။

 

အာဆီယံ၏ One ASEAN One Response မူအရ အာဆီယံနိုင်ငံများမှ ထောက်ပံ့ မည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများကို အာဆီယံအရေးပေါ် ထောက်ပံ့မှုစီမံခန့်ခွဲမှုစနစ်၏ မလေးရှားနိုင်ငံ ဆူဘန်းမြိုနှင့် ထိုင်းနိုင်ငံ ချိုင်နတ်မြို့တိုရှိ သိုလှောင်ရုံများမှ ပစ္စည်းများကို ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားတပ်မတော်လေယာဉ်များဖြင့် စုစုပေါင်း ၁၉ ခေါက် ကူညီသယ်ယူပိုဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မုန်တိုင်းဒဏ်သင့်သူများအတွက် အရေးပေါ်တုံပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး “မူ”ကို လက်ကိုင်ထားပြီး နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှု၊ အမျိုးသား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီ၏ ကြီးကြပ်မှု၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းမှုတိုဖြင့် ဆောင်ရွက်လျက်ရှိပြီး အာဆီယံ၊ သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါတယ်။

 

#ygm_mnn #Local_News #မိုခါမုန်တိုင်းဒဏ်သင့်သူ #ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား #လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာပစ္စည်းများ
#YMG #Yangon_Media_Group