#LocalNews
Published_9 October 2022

 

အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရွှေအတုံး/အခဲ (၁၀) ပိသာကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ကြေညာထားသည်။

 

အဆိုပါ မီးလင်းရွှေအတုံးအခဲ (၁၀)ပိဿာကျော်ကို နေ့လယ် ၁ နာရီမှ ညနေ ၃ နာရီထိ (အသင်းဝင်များမှအပ) မည်သူမဆို ရွှေ (၁)ကျပ်သားမှ (၁၀)ကျပ်သားအထိ ရောင်းချပေးမည်ဖြစ်ပြီး ဝယ်ယူလိုသူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူနှင့်အတူ YGEA အသင်းရုံးခန်းသို့ လာရောက် ဝယ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

 

အစိုးရဘက်မှ ရွှေဈေးနှုန်းကျဆင်းစေဖို့အတွက် ရွှေစင်ရွှေတုံးနှင့် ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးနေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်ခဲ့ကာ ရန်ကုန်ရွှေဈေးကွက်အတွင်းမှာလည်း အဝယ်ထက် အရောင်းသာပိုများနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်၏ ပြောပြချက်အရ သိရသည်။

 

ယနေ့အောက်တိုဘာလ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ထုတ်ပြန်ထားသည့်အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၁၉၈၈၀၀၀ ဖြစ်ပြီး ယင်းသည် ကြမ်းခင်းဈေးသာ သတ်မှတ်ပေးထားခြင်းဖြစ်သည်။

 

#ymg/sth
#Yangon_Media_Group