#Local_News
Published_ 20 Aug 2022

 

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေးလုပ်ငန်းစဉ်အရ ဩဂုတ် ၂၀ ရက် မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာအလုပ်သမား အမျိုးသား ၄၀၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း အလုပ်သမား ၅၀ သည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရပါတယ်။

 

အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် Golden Royal Mandalay Co, Ltd မှ ထိုင်းနိုင်ငံရှိ Chocksamut Marine Co, Ltd သို့ (၂) နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။

 

အဆိုပါလုပ်သားများကို ရန်ကုန်မြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။

 

သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား တာဝန်ရှိအဖွဲ့ အစည်းများက လိုအပ်တဲ့ စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင် ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ်ကိုင်မည့် ကုမ္မဏီသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group