#Local_News
Published - 26 July 2022

 

နောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကျောင်း ဆရာ၊ ဆရာမများသာမက ဥပဒေနှင့်ကိုက်ညီသည့် အခြားဝန်ထမ်းများကိုလည်း မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးခင်မောင်ဦးက ပြောသည်၊၊

 

ဇူလိုင်လ(၂၆)ရက်တွင်ကျင်းပသည့် နစက၏သတင်းထုတ်ပြန်ရေး အဖွဲ့၏(၁၈)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောခဲ့ ခြင်းဖြစ်သည်၊၊

 

ဘူးလက်နယူးဂျာနယ်မှ ဘူးလက်ဦးလှဆွေ၏ ပညာရေးဝန်ထမ်းများအပြင် လ.ဝ.ကအပါအဝင် အခြားဝန်ထမ်းများကို မဲရုံမှူးများအဖြစ်တာဝန်ပေးရန်ရှိ မရှိမေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ယခုလိုပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်၊၊

 

"ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာတဲ့ဖြစ်စဉ်တွေကို သုံးသပ်ပြီးတော့ အများစုကတော့လုပ်ဆောင်မှုမှာ မှန်ကန်မှုရှိသလို အချို့မဲရုံမှူးပိုင်းမှာလည်း အချို့ကိစ္စတွေမှာ အားနည်းချက်တွေရှိတာ၊ ဥပဒေချိုးဖောက်တာတွေရှိခဲ့လို့ ဥပဒေနဲ့အညီအရေးယူဆောင်ရွက်မှုတွေရှိခဲ့ပါတယ်၊၊ ဒါ့ကြောင့် ကျွန်တော်တို့က ဒီအခြေအနေကို သုံးသပ်ပြီးတဲ့အခါကျတော့ နောင်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာတော့ ကျောင်းဆရာ၊ ဆရာမတွေတင် မဟုတ်ပါဘူး ကျွန်တော်တို့ ဥပဒေနဲ့အညီသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့အခြား အကြံပြုတဲ့ ဝန်ထမ်းတွေအပါအဝင် အားလုံးပဲခြုံငုံသုံးသပ်ပြီးတော့ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တာဝန်တွေကို ကျွန်တော်တို့ပေးအပ်သွားမှာဖြစ်တဲ့အကြောင်းပြန်လည်ဖြေကြားအပ်ပါတယ်"လို့ နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်၊၊

 

ymg/tthl
#Yangon_Media_Group