#LocalNews
Published - 25 June 2022

 

ထားဝယ်လေဆိပ်မှ နံနက် (၁၀:၀၀)နာရီတွင် ထွက်ခွာခဲ့သည့် MNA လေယာဥ်သည် လေယာဉ် Take Off ပြုလုပ်ချိန်တွင် No. (1) Engine မှ ပုံမှန်မဟုတ်သော အသံ (၂)ချက် ကြားရ၍ Over TQ Limit Caution ပေါ်လာသဖြင့် လေယာဉ်ထွက်ခွာမှုရပ်ဆိုင်းရန် လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

 

ဇွန်လ (၂၅)ရက်တွင် မြန်မာအမျိုးသားလေကြောင်း UB-313/ UB-314, XY-AMK ရန်ကုန် - မြိတ် - ထားဝယ် - ရန်ကုန် ခရီးစဉ်အားပျံသန်းခဲ့ကြောင်း၊ ယင်းအပြင် လေကြောင်းလိုင်း ၏ Safety Standard အရ ခရီးသည်များ ဘေးကင်းလုံခြုံစေရေးအတွက် လေယာဉ်မှူးမှ XY-AMK လေယာဉ်ထွက်ခွာခြင်းအား ရပ်ဆိုင်းရန် ဆုံးဖြတ်ချက်ပြုလုပ်ခဲ့ပြီး အခြားလေယာဉ် (၁) စီးဖြင့် ခရီးသည်များအားတင်ဆောင်၍ ခရီးစဉ်ဆက်လက်ပျံသန်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

XY-AMK လေယာဉ်အား ရန်ကုန်မြို့သို့ ပျံသန်းသယ်ဆောင်ခဲ့ပြီး စက်မှုဆိုင်ရာစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိပြီး ၂၀၁၅ ခုနှစ်တွင် စက်ရုံထုတ်လေယာဉ်အသစ်အား ဝယ်ငှားစနစ်ဖြင့် ဆောင်ရွက်ခဲ့ကာ ယခု လေယာဉ်သက်တမ်းမှာ (၇)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

 

ယင်းသို့ လေယာဉ်ချို့ယွင်းမှုကြောင့် ခရီးသွားရာတွင် အနှောင့်အယှက်ဖြစ်ခဲ့ရသော ခရီးသည်များအား နူးညွတ်စွာတောင်းပန်အပ်ကြောင်း ဖော်ပြထားသည်။

 

ymg/sth
#Yangon_Media_Group