#LocalNews
Published_9 June 2022

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အောင်မင်္ဂလာကျေးရွာအနီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင်ကို ယနေ့ ဇွန်လ ၉ ရက် နံနက်တွင် ဒေသခံများက တွေ့ရှိခဲ့ကြကြောင်း သိရသည်။

 

ယင်းတောဆင်ရိုင်းကို ရွာ၏အရှေ့ဘက် မီတာ ၄ဝ ခန့်အကွာရှိ တံတားငယ်အနီး တောစပ်တစ်နေရာတွင် ဒဏ်ရာများဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်ဟု ယူဆ၍မရဘဲ အချင်းချင်းတိုက်ခိုက်ကြသည်ဟု ယူဆရကြောင်းလည်း သိရသည်။

"ဒီနေ့မနက် ၈ နာရီလောက်က တောစပ်နားလေးမှာတွေ့တာပါ။ ဆင်က အထီး၊ ဗိုက်မှာ ၁ ပေလောက် ကျယ်တယ်ဒဏ်ရာကလေ။ နောက်ပြီးတော့ အမြီးအဖျားမှာလည်း အရေပြားတွေ လန်နေတဲ့ဒဏ်ရထားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

သေဆုံးနေသည့်ဆင်အနီးတွင် သစ်ပင်အချို့လည်း လဲနေကြောင်း၊ ယခုအခါ မောင်တောမြို့နယ်သစ်တောဦးစီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

photo-CJ
ymg/mt
#Yangon_Media_Group