#LocalNews
Published - 7 June 2022

သွေးလွန်တုပ်ကွေးမဖြစ်အောင် မော်လမြိုင်မြို့၊ စမ်းကြီးလူငယ်သင်တန်းကျောင်းတွင် ခြင်ဆေးဖျန်းခြင်းများကို ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ဆောင်ရွက်ပေးနေကြောင်းသိရသည်၊၊

 

မွန်ပြည်နယ်ဟာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များက ဖော်ပြထားသည်၊၊

 

ဇွန်လ(၇)ရက်တွင် မော်လမြိုင်မြို့၊‌စမ်းကြီးလူငယ်သင်တန်းကျောင်းဝင်းရှိ အထူးပြုစု‌စောင့်‌ရှောက်ရန် လိုအပ်နေသောကလေးများသင်ကြား‌‌ရေး ကျောင်းအားခြင်ဆေးဖျန်းပေးပါရန်ကူညီတောင်းခံလာသည့်အတွက် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်၊၊

 

ခြင်ဆေးဖြန်းပေးခြင်းနှင့်ပတ်သက်၍ "ကျွန်တော်တို့ ခြင်ဆေးဖြန်းပေးတာကိုဆောင်ရွက်ပေးနေပါတယ်၊၊ လုံးဝအခမဲ့ချည်းတော့မဟုတ်ဘူး၊၊ အလှူငွေထည့်လိုသူတွေထည့်နိုင်ပါတယ်၊၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ကားဆီဖိုးလည်းကုန်ကျတာရှိလို့ပါ၊၊ ခြင်ဆေးဖြန်းလိုသူတွေဆက်သွယ်အကူအညီတောင်းခံနိုင်ပါတယ် "လို့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက YMG ကို ပြောပါတယ်၊၊

 

ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ သွေးလွန်တုပ်ကွေးရာသီတွင် ခြင်ဆေးဖျန်းခြင်းများ ကူညီဆောင်ရွက်နေပြီး မော်လမြိုင်ရှိ စာသင်ခန်းများ၊ အိမ်သာများ၊ ရုံးခန်းများကို ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group