#LocalNews
Published_6 June 2022

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းနှင့် သစ်ပင်ကိုဝင်‌တိုက်၍ ယာဉ်ထပ်ပိုင်းပြတ်သွား၊ ယာဉ်မောင်းသေဆုံးသွားကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့က သိရသည်။

 

ယင်းအခင်းဖြစ်နေရာမှာ မိုင်တိုင်အမှတ်(၁၄၇/ဝ)ဖာလုံတွင် ဖြစ်ပြီး ယနေ့ ဇွန်လ ၆ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်အချိန် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော MARK ll အမျိုးအစား (အဖြူရောင်)ယာဉ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်နှင့်ထမ်းပင်တို့ကို ဝင်‌ရောက်တိုက်မိကာယာဉ်မှာ ထပ်ပိုင်းပြတ်ကာရပ်တန့်သွားကြောင်း သိရသည်။

 

ယင်းကြောင့် ဗာဓိကုန်းအမြန်လမ်းမီးသတ်စခန်းမီးသတ်တပ်ဖွဲ့ဝင် ငါးဦးက ဇီးပင်သာအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးကို တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်၊ တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group