#LocalNews
Pulished_ 3 June 2022

 

ပြီးခဲ့တဲ့ ၅လ လောက်ကစပြီး ပြေးဆွဲလျှက်ရှိသည့် ရန်ကုန်-ပဲခူးယာဉ်လိုင်း Yangon- Bago Smart City Bus Line By Daewoo Bus လိုင်းအနေဖြင့် လာမည့် ဇွန်လ ၁၀ရက်ကစပြီး ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ကြောင်း အဆိုပါ ယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။

 

"အဓိကကတော့ ဆီဈေးရယ်၊ စီးနင်းတဲ့သူ နည်းတာရယ်ကြောင့်ပါ။ ဆီက အသွားအပြန်တစ်ကြောင်းကို ၁သိန်းခွဲနဲ့ ၁သိန်း၃သောင်းလောက် ထည့်ရတယ်၊ ရန်ကုန်ကနေစ ပဲခူးကို အခေါက်ကြီးတစ်ခေါက်ခေါ်တာပေါ့ အဲ့တစ်ခေါက်ကို အဲ့လောက်ထည့်နေရတော့ ကျွန်တော်တို့မှာ ဝန်ထမ်းစရိတ်ရယ် အခြားစရိတ်တွေရယ်နဲ့တွက်ကြည့်လိုက်ရင် မမြတ်တဲ့အပြင် ရှူးနေတော့ သိပ်အဆင်မပြေဘူး။ အဲ့တာကြောင့် ဒီနေ့ကို တာဝန်ရှိသူတွေစုပေါင်းပြီး ယာယီရပ်နားဖို့ မူဝါဒတခုချမှတ်လိုက်တာပါ။ လောလောဆယ်တော့ လာမယ့် ၁၀ရက်နေ့လို အကြမ်းဖျင်းသတ်မှတ်ထားပါတယ်ဟု Daewoo Express ရန်ကုန်ဂိတ်ရဲ့တာဝန်ရှိသူက ပြောသည်။

 

ပြည်သူများအဆင်ပြေစေရေးအတွက်အရှုံးခံပြေးဆွဲခဲ့ပြီး ယခုအခါမှာ စက်သုံးဆီစျေး ထပ်မံမြင့်တက်လာမှုကြောင့် ယာယီရပ်နားထားသော်လည်း လာမည့် ဇွန်လ ၉ ရက်အထိ ယခင်ယာဉ်ထွက်ချိန်အတိုင်း ပြေးဆွဲပေးမည်ဟုလည်းသိရသည်။

 

ရန်ကုန်- ပဲခူး(ကလိ) အထိ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀နှုန်းဖြင့် အဆိုပါယာဉ်လိုင်းကပြေးဆွဲပေးနေခြင်းဖြစ်သည်။

 

ymg/NN
#Yangon_Media_Group