#LocalNews
Published_31 May 2022

 

လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူအရေအတွက်မှာ မေလ ၃၀ ရက်ထိ ကျောင်းအပ်နှံသူဦးရေ ၄၈ သိန်းကျော်ရှိပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရသည်။

 

မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ်သတ်မှတ်ထားရာ မေလ ၂၆ ရက်မှ မေလ ၃၀ ရက်ထိ ၅ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၄၈၉၄၄၂၈ ဦး ရှိကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

 

ကျောင်းအပ်နှံရာတွင် ကျောင်းများ၏ လုံခြုံရေးနှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group