#LocalNews
Published - 28 May 2022

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို လာမည့် ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့်မတ်လတွင် ဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအား ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။

 

တက္ကသိုလ်ဝင်အောင်စာရင်းများကို အွန်လိုင်းကတဆင့်ကြည့်လိုသူများအနေဖြင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website ဖြစ်သည့် myanmarexam.org မှ နေတဆင့်ဝင်ရောက်ကြည့်ရှုနိုင်သည်ဟု ကြေညာထားပြီး ဝင်ရောက်ကြည့်ရှုလိုသူတွေအနေဖြင့် အောင်စာရင်းကြေညာသည့်နေ့တွင် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်အလိုက်၊ မြို့နယ်အလိုက် ဝင်ရောက်ကြည့်ရှုရမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေလွှာတွေကို ပြီးခဲ့သည့် မေလ ပထမအပတ်အတွင်း စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group