#LocalNews
Published_27 May 2022

 

ပဲခူးတိုင်းဒေသကြီးတွင် ဂျပန်နိုင်ငံအခြေစိုက် Bago Sport Gloves Co., Ltd ၏ (CMP) ကုမ္ပဏီတစ်ခုက စက်ရုံသစ်တိုးချဲ့ရန် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံမှုကို ယနေ့ မေလ ၂၇ ရက်တွင် ခွင့်ပြုလိုက်ကြောင်းပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

 

ယင်းအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေစိုက် Weartec Seam Garment Manufacturing Co., Ltd မှ (CMP)အထည်ချုပ်လုပ်ငန်းအနေဖြင့် စက်ရုံအသစ်တစ်ရုံကို ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၃)သန်း ရင်းနှီးမြှုပ်နှံရန်လည်း ခွင့်ပြုပေးခဲ့ကြောင်း ၎င်းကပြောသည်။

 

အဆိုပါ ကုမ္ပဏီ နှစ်ခုအနေဖြင့် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်း လူဦးရေ ၁၄၅၀ ဦး အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သော လမ်း၊ လျှပ်စစ်မီးနှင့် ရေ ရရှိရေးလုပ်ငန်းတို့ကို တိုင်းဒေသကြီးအစိုးရက စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ သို့သော်လည်း စက်မှုမြေအဖြစ် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် မြေလပ်မရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ခွင့်ပြုပေးထားသည့် လုပ်ငန်းအမျိုးအစားအလိုက်ဆောင်ရွက်မှုမရှိပါကလည်း ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group